Skip to main content

Posts

Showing posts from March, 2021
တကယ်တော့ ပြင်သစ်ဟာ ရိုမန့် ဘာသာစကားတစ်ခု (Romance) ဖြစ်ပါတယ်။ ရိုမန့်ဆိုတာ ရှေးခေတ် ရိုမန်လူမျိုးတွေရဲ့  (Vulgar Latin) ဗျူဂါလက်တင်ဘာသာစကားကနေ ဆင်းသက်တဲ့ ဘာသာစကားအစုအဖွဲ့ကို ခေါ်တာပါ။ ပင်ရင်းမျိုးနွယ်ဖြစ်တဲ့ အင်ဒိုဥရောပဘာသာစကား မိသားစုထဲက အခွဲ မိသားစု တစ်ခုပါ။  အိုင်တယ်လစ် အခွဲ (Italic branch) ဟုလည်း ခေါ်ပြီး ရိုမန့် ဘာသာစကားအစုအဖွဲ့ထဲမှာ အီတာလျံ၊ ပြင်သစ်၊ စပိန်၊ ပေါ်တူဂီ၊ ရိုမေးနီးယား၊ ကက်တလန် (Catalan) စတဲ့ ဘာသာစကားတွေ အဓိက ပါဝင်ပါတယ်။  အင်္ဂလိပ်  ၊ ဂျာမန်၊ ရုရှတို့နဲ့ အခွဲမိသားစု မတူညီပါဘူး။  ရိုမန့်ဘာသာစကား အချင်းချင်းဟာ ဘာသာစကား သဘာဝချင်း အလွန်နီးကပ် ဆင်တူတာမို့ ပြင်သစ်ဘာသာ တတ်ကျွမ်းပါက စပိန်၊ ပေါ်တူဂီစတဲ့ ဘာသာစကားတွေကို သင်ယူဖို့ အလွန်လွယ်ကူသွားမှာ ဖြစ်ပါတယ်။  ပြင်သစ်ဘာသာစကားကို အချစ်ဘာသာစကား (Language of Love) ၊ ရိုမန်တစ်ဘာသာစကား (Romantic language)လို့ တစ်ချို့က ပြောကြပါတယ်။ ပြင်သစ်လူမျိုးတွေကိုယ်တိုင်လည်း ဘာအကြောင်းကြောင့် အဲလိုပြောမှန်း သေချာမသိကြပါဘူး။  Sociolinguist တစ်ယောက်ရဲ့ ရှုထောင့်အရတော့ ရှေးအခါက ဥရောပရှိ စစ်သည်တော်တွေအတွက် အချစ်ကဗျာ၊...
ပြင်သစ်ဘာသာစကားကို မြန်မာကျောင်းသားတွေ စတင်သင်ကြားကြတဲ့အခါ ဖြစ်လေ့ဖြစ်ထရှိတဲ့ အရာထဲကတစ်ခုကတော့ ပြင်သစ်ဘာသာရှိ နာမ်များကို သက်ရှိသက်မဲ့ရော ဒြပ်ရှိဒြပ်မဲ့ပါ အထီးနာမ်၊ အမနာမ် (Masculine & Feminine) အဖြစ် လိင်သတ်မှတ်ထားခြင်းအပေါ် နားလည်ရခက်ခဲတဲ့ အရာတစ်ခု၊ ခွဲခြားရခက်တဲ့ အရာတစ်ခု ဆိုပြီး စိတ်ပျက်အားလျော့တတ်ကြတာပါပဲ။ တကယ်တော့ သဒ္ဒါလိင်ခွဲခြားခြင်း (Grammatical Genders) ဟာ ပြင်သစ်ဘာသာစကား တစ်ခုတည်းမှာ ထူးထူးခြားခြား တွေ့နေရတာ မဟုတ်ပါဘူး။ ကမ္ဘာပေါ်ရှိ ဘာသာစကားများအားလုံးရဲ့ ထက်ဝက်လောက် နီးနီးမှာ သဒ္ဒါလိင် ခွဲခြားမှု ရှိပါတယ်။ အဲဒီဘာသာစကားတွေရဲ့ ထက်ဝက်လောက်နီးနီးမှာလည်း အထီး၊ အမ (၂)မျိုးထက် ပိုတဲ့ သဒ္ဒါလိင်ခွဲခြားမှု ရှိပါတယ်။ အင်ဒိုဥရောပမျိုးနွယ်ဝင် ဘာသာစကားအတော်များများ (ခေတ်သစ်  အင်္ဂလိပ် ဘာသာစကား မပါ၊ ရှေး အင်္ဂလိပ် ဘာသာစကား တွင် သဒ္ဒါလိင်ရှိပါတယ်)၊ အရှေ့အလယ်ပိုင်း ဒေသနဲ့ အာဖရိကဒေသရှိ ဘာသာစကားအတော်များများမှာ သဒ္ဒါလိင်ရှိပါတယ်။ ဘာသာဗေဒရှုထောင့်က ကြည့်မယ်ဆိုရင် ဘာသာစကားတိုင်းရဲ့ နာမ်များဟာ အချင်းချင်း အမျိုးအစားခွဲခြားပြီး တူရာစုလိုတဲ့ သဘောသဘာဝ ရှိပါတယ်။ နာမ်တွေနဲ့ အများဆုံး  ဆက...
Les alphabets français ပြင်သစ်အက္ခရာစဉ် လိုက်ဆိုကြည့်ရအောင် ... လွယ်ပါတယ် 👌 ပြင်သစ်အက္ခရာစဉ်ကလည်း  ဘာသာစကားလိုမျိုး ၂၆ လုံးရှိပါတယ်။ ဒါပေမယ့်လည်း အသံထွက်ပိုင်းမှာ အနည်းနဲ့ အများကွဲပါတယ်။ မြန်မာကျောင်းသား အတော်များများ အတွက် အခက်အခဲကြုံတဲ့ အက္ခရာတွေကတော့ "G, J, R, Y" တို့ပဲ ဖြစ်ပါတယ်။ အောက်မှာ ဖော်ပြထားတဲ့ youtube video နဲ့အတူ လိုက်ပါ ရွတ်ဆို ကြည့်နိုင်ပါတယ်။ အဲဒီ video လေးက ကြည့်ဖူးသမျှတွေထဲမှာ အသံထွက် အပီသဆုံးပါ။ video ထဲမှာ အက္ခရာစဉ်ကို ၂ခေါက် ရွတ်ဆိုပြီးတာနဲ့ Dictation (Dictée) လို့ခေါ်တဲ့ စာလုံးပေါင်းခေါ်ပေးတဲ့ အစီအစဉ် လာပါလိမ့်မယ်။ လိုက်ရေးကြည့်ပါ။  French Alphabet video:  https://www.youtube.com/watch?v=no0WNgeYdqI အသံထွက် အခက်အခဲ မရှိအောင်လည်း အက္ခရာ တစ်ခုချင်းစီအလိုက်  phonetic symbol ရော စာလုံးပေါင်းရော ရေးပေးထားပါတယ်။ A      - /a/      - a                              N      - / ɛn/          - enne B...
  Francophonie အကြောင်း မပြောခင် francophone ကိုအရင် အဓိပ္ပါယ် ဖွင့်ဆိုချင်ပါတယ်။  ဆိုတာ ပြင်သစ်စကားပြောသူကို ဆိုလိုပါတယ်။  Francophonie  ကတော့ ပြင်သစ်စကားပြောသော လူပုဂ္ဂိုလ် အစုအဖွဲ့ (သို့) ပြင်သစ်စကားပြောသော နိုင်ငံများ အစုအဖွဲ့ကို ဆိုလိုတာ ဖြစ်ပါတယ်။  Francophonie  ကိုကမ္ဘာလုံးဆိုင်ရာ ပြင်သစ်စကားပြော နိုင်ငံများ အဖွဲ့အစည်း ( Organisation Internationale de la Francophonie, OIF ) ကို အတိုကောက် ခေါ်ဝေါ်တဲ့ စကားလုံးအဖြစ်လည်း သုံးပါတယ်။    OIF  နဲ့ မိတ်ဆက်ပေးရတဲ့ အကြောင်းကတော့ ပြင်သစ်ဘာသာစကားပြောသော နိုင်ငံတကာ အဖွဲ့အစည်း တစ်ခုအကြောင်းကို ပြင်သစ်စကားပြော သင်ကြားသူတိုင်း သိရှိထားသင့်တယ်လို့ ယူဆလို့ပါ။  OIF  ကို ၁၉၇၀ မတ်လ ၂၀ မှာ အာဖရိကတိုက်ရှိ နီဂါနိုင်ငံမှာ ယဉ်ကျေးမှုနှင့် နည်းပညာရပ်ဆိုင်ရာ အေဂျင်စီ ( Agence de coopération culturelle et Technique, ACCT ) အဖြစ် စတင် ဖွဲ့စည်းခဲ့တာပါ။ ယခုအချိန်မှာ နိုင်ငံတကာ အဖွဲ့အစည်းတစ်ခုအဖြစ် ကြီးထွားလာခဲ့ပြီး အမြဲတမ်းအဖွဲ့ ဝင်အဖြစ် ၅၄ နိုင်ငံ/ဒေသ (အရှေ့တောင်အာရှမှ လာအို၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်နို...
  Coup d'État / ˌku deɪˈtɑ/   ဆိုတာ မူရင်း ပြင်သစ်ဘာသာစကားက ဆင်းသက်လာတဲ့ စကားလုံးဖြစ်ပြီး အစိုးရတစ်ရပ်နှင့် ၄င်း၏ အာဏာကို လူတစ်စု သို့ စစ်အင်အားတစ်စု သို့ နိုင်ငံရေးအင်အားစု တစ်ခုမှ ကြိုတင်ပြင်ဆင်ထားသော ပြင်းထန်သည့် နည်းလမ်းတစ်ခုဖြင့် ရုတ်တရက် ဖယ်ရှားပစ်ခြင်းဟု ပြင်သစ် အဘိဓာန်တစ်ခုမှာ အဓိပ္ပါယ်ဖွင့်ဆို ထားပါတယ်။  ပြင်သစ်နိုင်ငံသမိုင်းအရ ပြင်သစ်တော်လှန်ရေး ဖြစ်ပွားခဲ့သော ၁၇၈၉ ခုနှစ်မှသည် ယခုလက်ရှိအခြေခိုင် တည်တံ့နေသော ပဥ္စမ‌မြောက် သမ္မတနိုင်ငံတော် စတင်တည်ထောင်ခဲ့သည့်  ၁၉၅၈ ခုနှစ် အထိ နှစ်ပေါင်း ၁၆၀ ကျော်အတွင်း  ကြိုးပမ်းမှု (အောင်မြင်/ရှုံးနိမ့်/တစ်ပိုင်းသိမ်း အပါအဝင်) ၁၅ကြိမ်မက ရှိခဲ့ကြောင်း လေ့လာမှတ်သားခဲ့ဖူးပါတယ်။ နပိုလီယန် ဘိုနာပတ်ကိုယ်တိုင် ပါဝင်ခဲ့သော ၁၇၉၉ခုနှစ် အာဏာသိမ်းမှုနှင့် ၄င်း၏တူဖြစ်သူ လူဝီ-နပိုလီယန် ဘိုနာပတ် ဆောင်ရွက်ခဲ့သော ၁၈၅၁ခုနှစ် အာဏာသိမ်းမှုတို့မှာ အလွန်ထင်ရှားပါတယ်။ Coup d'État အသုံးအနှုန်းကို ရှေးနှစ်ပေါင်းများစွာကပင် အသုံးပြုခဲ့ကြသည်ဟု ယူဆရန်ရှိသော်လည်း  အင်္ဂလိပ် သတင်းစာများတွင် ၁၉ရာစုအစပိုင်းလောက်မှ စတင်၍ ပြင်သစ်ရှိ နပိုလီယန်၏ နို...
" Je t'aime "  /ʒə t‿ɛm/ ကတော့  ပြင်သစ်လိုပြောတဲ့ " I love you " ပါပဲ။  " Je " ဆိုတာ "ကျွန်တော်/ကျွန်မ/ငါ" ဆိုတဲ့ နာမ်စား။  " te" ကတော့  နင့်ကို/သင့်ကို လို့ပြောတဲ့ နာမ်စားပါ။ နီးကပ်နေတဲ့ ကြိယာက သရ ( a ) နဲ့စလို့ ( t' )အဖြစ် ပြောင်းလဲသွားတာပါ။ ပြင်သစ်မှာ နာမ်စားရဲ့ အဆုံးအက္ခရာနဲ့ ကြိယာရဲ့ အစအက္ခရာတို့ဟာ သရများ ဖြစ်နေတဲ့အခါ apostrophe (')   ခံပြီး နာမ်စားရဲ့ သရကို ဖြုတ်ပြီး ကြိယာနဲ့ ပေါင်းစပ်လိုက်ရပါတယ်။ တကယ်လို့သာ "နင့်ကို/သင့်ကို" မပါဘဲ "ငါ့အမေကို ချစ်တယ်" ဆိုရင် " J'aime ma mère " လို့ ရေးရပါတယ်။ အဲဒီမှာလည်း "ကျွန်တော်/ကျွန်မ/ငါ" ရဲ့ နာမ်စား ဖြစ်တဲ့ " Je " ဟာ သရ " e "  နဲ့ အဆုံးသတ်လို့ apostrophe (') ခံပြီး ကြိယာ " aimer " နဲ့ ပေါင်းစပ်ရပါတယ်။  ချစ်တယ်ဆိုတဲ့ အဓိပ္ပါယ်ရဲ့ မူရင်း ကြိယာက " aimer " ပါ။ ဒါပေမယ့် ပြင်သစ်ကြိယာတွေရဲ့ သဘောအရ အထူးပြုတဲ့ နာမ်စားအပေါ် မူတည်ပြီး ရုပ်ပြောင်းဝိဘတ်သွယ်ပေးရတော့ မူရင်းကြိယာဟာ  ကျွန်တော်/ကျွန်မ/ငါ နာမ်စာ...
Bonjour / bɔ̃ˈʒur /  ကတော့ ပြင်သစ်တွေရဲ့  အသုံးအများဆုံး  နှုတ်ဆက်စကား ပါပဲ။ မြန်မာလိုဆို  မင်္ဂလာပါ ပေါ့လေ။  အဓိပ္ပါယ် အတိအကျကတော့  bon = ကောင်းသော jour = နေ့ ပါ။ နေ့တစ်နေ့ရဲ့ နေရောင်ရှိနေချိန် (အရုဏ်၊ နံနက်၊ နေ့လယ်၊ ညနေခင်း) တွေမှာ လမ်းသွားလမ်းလာ၊ သူငယ်ချင်း၊ မိတ်ဆွေ၊ ဆွေမျိုး၊ လူစိမ်း အကုန်လုံးကို နှုတ်ဆက်တဲ့အခါ ပြောဆိုတဲ့ စကားပါ။ နေဝင်ချိန် (ဆောင်းရာသီဆို ညနေ ၆နာရီလောက် နေဝင်ပြီး အခြားရာသီမှာတော့ ည၈နာရီလောက်မှ နေဝင်ပါတယ်) ရောက်သွားရင်တော့  Bonsoir  / bɔ̃ˈswar /  လို့ ပြောပါတယ်။  bon = ကောင်းသော soir = ညနေခင်း လို့ အဓိပ္ပါယ် ရပါတယ်။ ပြင်သစ်လူမျိုးတွေရဲ့ နှုတ်ခွန်းဆက် ယဉ်ကျေးမှုမှာ  Bonjour/Bonsoir ပြောခြင်းနဲ့အတူ လက်ဆွဲနှုတ်ဆက်ခြင်း  (သို့) ပါးချင်းအပ်ပြီး အနမ်းပေးခြင်း (faire la bise) ယဉ်ကျေးမှုလည်း ရှိပါတယ်။ လက်ဆွဲနှုတ်ဆက်တာကတော့ မိတ်ဆွေသစ်အချို့နဲ့ မိတ်ဖွဲ့ချိန်မှာ ယောကျာ်းအချင်းချင်းကြား (သို့) မိန်းမအချင်းချင်းကြား (သို့) မိန်းမနှင့် ယောကျာ်းကြား ပြုလုပ်ကြပါတယ်။  ပါးချင်းအပ် အနမ်းပေးခြင်း (la bise) ကို ဆွေမျိုး၊ မိ...
 France/French ကို ဘာလို့ မြန်မာတွေက ပြင်သစ်လို့ ခေါ်တာလဲ တစ်ချို့ဖော်ပြချက်တွေအရ ပြင်သစ်တို့ကိုယ်တိုင် ခေါ်ဝေါ်တဲ့ (Français မြန်မာအသံ အနေနဲ့ ဖရန်စစ်)ကို မြန်မာတို့နားနဲ့ ကိုက်အောင် အသံဖလှယ်ခြင်း၊ မြန်မာမှုပြုခြင်းတို့ ပြုလုပ်ခဲ့ကြရာ ဖရန်စစ်မှ ပရန်သစ်၊ ထို့နောက် ပြန်သစ် နှင့် နောက်ဆုံး ပြင်သစ် ဟု ဖြစ်လာခဲ့တယ်လို့ မှတ်သားဖူးပါတယ်။ ထို့ပြင် ဖြစ်နိုင်ချေ တစ်ခုမှာ မျက်နှာဖြူနိုင်ငံခြားသားများကို အာရှတိုက်သားတို့ ရှေးအခါက ခေါ်ဝေါ်ခဲ့ကြသော  Feringhis ဖရင်းဂစ် ဆိုသည့် စကားလုံးနှင့်လည်း ဆက်စပ်နိုင်နေနိုင်သည်။ ထိုစကားလုံးကို  ကုန်းဘောင်ခေတ် မြန်မာဘုရင်များဘက်မှ ပဲခူး၊ အယုဒ္ဓယ နှင့် မဏိပူရအား တိုက်ခိုက်ရာတွင် ပါဝင်ကူညီပေးခဲ့ပြီး  ဆင်ဖြူရှင်မင်းထံ၌လည်း အမှုထမ်းခဲ့သော ပြင်သစ်လူမျိုး ရေတပ်ဗိုလ် Pierre de Milard ၏ အုတ်ဂူပေါ်တွင် "Captain of the Feringhis" ဟူ၍ တွေ့ရှိခဲ့ရကြောင်း အထောက်အထားများလည်း ရှိသည်။  ဗမာဘာသာစကား၌ "F /f/ " သံရင်းဗျည်း မရှိသည့်အတွက် "F"နှင့် ဆိုင်သော စာလုံးပေါင်းတို့ကို "ဖ" ဖြင့် အနီးစပ်ဆုံး အသံလှယ်ကြရမြဲ ဖြစ်သည်။ (ဥပမာ - "Finland...
ရုပ်ရှင်၊ သတင်း၊ သီချင်း၊ ဇာတ်လမ်းတွဲ၊ Application၊ Social Media၊ Youtube Channels  ဘယ်ဟာ ပိုကောင်းလဲ ?? ဘာသာစကားတစ်ခု သင်ယူနေချိန်မှာ သက်ဆိုင်ရာ ဘာသာစကားနဲ့ဆိုင်တဲ့ ရုပ်ရှင်၊ သီချင်း၊ ဇာတ်လမ်းတွဲ၊ Application စတဲ့ အနုပညာခံစားမှုများ၊ နည်းပညာများမှတဆင့်  မသိစိတ်ကနေ အလိုအလျောက် ဘာသာစကား သင်ယူမှုဟာလည်း အထောက်အကူ ဖြစ်ပါတယ်။ အထူးသဖြင့် သက်ဆိုင်ရာ ဘာသာစကားကို ပြောဆိုနေတဲ့ နိုင်ငံ (သို့) ရပ်ဝန်းတစ်ခုအတွင်း သွားရောက်သင်ယူရန် မဖြစ်နိုင်သေးတဲ့ အခြေအနေမျိုးတွေမှာ ထိုသင်ထောက်ကူ နည်းလမ်းတွေဟာ ပိုမိုအရေးပါ ပါတယ်။  ဒါပေမယ့်လည်း ရွေးချယ်စရာများလွန်းတဲ့ သင်ယူမှုနည်းလမ်းတွေထဲက အကောင်းဆုံးကို သိရှိပြီး တစ်စိုက်မတ်မတ်လေ့လာသင်ယူမှု ပြုလုပ်တတ်ရန်လည်း အရေးကြီးပါတယ်။ ပြင်သစ်စကား ၁၀နှစ်နီးပါး သင်ကြားမှု အတွေ့အကြုံတွေအရ ဇာတ်လမ်းတွဲ ကြည့်ရှုခြင်းနဲ့ သတင်းနားထောင်ခြင်းတို့ဟာ အခြေခံအဆင့်ရော ကြားအဆင့် အတွက်ပါ အကောင်းဆုံး သင်ယူနည်းပါ။ ဝါကျတည်ဆောက်မှု ရိုးရှင်းပြီး တိကျပြတ်သားတဲ့ စကား ပြောဟန်နဲ့ တင်ဆက်ရလေ့ရှိတဲ့ သတင်း အစီအစဉ် တို့ကို နားထောင်ခြင်းကြောင့် အကြားစွမ်းရည် တိုးတက်နိုင်သလို  ဇာတ်လမ်းတွဲ...
"ပြင်သစ်က လွယ်တယ်" ဆိုတဲ့ စကားကို ဆရာမ စလုပ်ကာစက တခြားဘာသာစကားတစ်ခုကို ပြင်သစ်နဲ့အတူ တစ်ပြိုင်နက် တွဲသင်နေတဲ့ ကျောင်းသူတစ်ယောက်ဆီက ကြားခဲ့ဖူးတာပါ။ အဲဒီတုန်းက သူဘာကြောင့် အဲလို ပြောတယ်ဆိုတာ နားမလည်ခဲ့ဘူး။ နောက်မှ ကိုယ်တိုင် စပိန်မှာ ဘာသာဗေဒ မဟာဘွဲ့ သင်တန်းသွားတက်မှပဲ သဘောပေါက်သွားပါတယ်။  မှန်ပါတယ်။ ပြင်သစ်စကားက ဗမာစကားကို မိခင်ဘာသာစကား အနေနဲ့ပြောတဲ့သူတွေအတွက် သင်ယူဖို့ တကယ်လွယ်ပါတယ်။ အဓိက အကြောင်းရင်း ၃ ချက် ကတော့ -  - ဘာသာစကားသင်ယူမှုမှာ အရေးပါတဲ့ "Word order" ဝါကျစီစဉ်မှု (SVO- subject verb object)ပုံစံအရ ပြင်သစ်ဟာ  အင်္ဂလိပ် ဘာသာစကားနဲ့ တူညီနေတဲ့အတွက် ငယ်စဉ်ကပင်   အင်္ဂလိပ် အရေးအဖတ်အပြော စွမ်းရည်များနဲ့ ရင်းနှီးကျွမ်းဝင်ပြီးသား မြန်မာကျောင်းသားများအတွက် လေ့လာသင်ယူဖို့ လွယ်ကူနေတာပဲ ဖြစ်ပါတယ်။  - "Phonetics & phonology" ဖြစ်တဲ့ အသံထွက်ပိုင်းမှာလည်း ပြင်သစ်ရဲ့ လျှာခင်ဗျည်းဖြစ်တဲ့  "R / ʁ /" ကလွဲလို့ အခြားခက်ခဲတဲ့ ဗျည်းတွေ၊ သရတွေ နည်းပါတယ်။ ပြင်သစ်ရဲ့ နှာသရသံတွေက တခြားဘာသာစကားပြောသူတွေအတွက် ခက်ခဲလွန်းပေမယ့် မိခင်ဗမာစကားမှာ နှာဗျည်းနဲ့ သရသံတ...