Skip to main content
ရုပ်ရှင်၊ သတင်း၊ သီချင်း၊ ဇာတ်လမ်းတွဲ၊ Application၊ Social Media၊ Youtube Channels  ဘယ်ဟာ ပိုကောင်းလဲ ??

ဘာသာစကားတစ်ခု သင်ယူနေချိန်မှာ သက်ဆိုင်ရာ ဘာသာစကားနဲ့ဆိုင်တဲ့ ရုပ်ရှင်၊ သီချင်း၊ ဇာတ်လမ်းတွဲ၊ Application စတဲ့ အနုပညာခံစားမှုများ၊ နည်းပညာများမှတဆင့်  မသိစိတ်ကနေ အလိုအလျောက် ဘာသာစကား သင်ယူမှုဟာလည်း အထောက်အကူ ဖြစ်ပါတယ်။ အထူးသဖြင့် သက်ဆိုင်ရာ ဘာသာစကားကို ပြောဆိုနေတဲ့ နိုင်ငံ (သို့) ရပ်ဝန်းတစ်ခုအတွင်း သွားရောက်သင်ယူရန် မဖြစ်နိုင်သေးတဲ့ အခြေအနေမျိုးတွေမှာ ထိုသင်ထောက်ကူ နည်းလမ်းတွေဟာ ပိုမိုအရေးပါ ပါတယ်။ 

ဒါပေမယ့်လည်း ရွေးချယ်စရာများလွန်းတဲ့ သင်ယူမှုနည်းလမ်းတွေထဲက အကောင်းဆုံးကို သိရှိပြီး တစ်စိုက်မတ်မတ်လေ့လာသင်ယူမှု ပြုလုပ်တတ်ရန်လည်း အရေးကြီးပါတယ်။ ပြင်သစ်စကား ၁၀နှစ်နီးပါး သင်ကြားမှု အတွေ့အကြုံတွေအရ ဇာတ်လမ်းတွဲ ကြည့်ရှုခြင်းနဲ့ သတင်းနားထောင်ခြင်းတို့ဟာ အခြေခံအဆင့်ရော ကြားအဆင့် အတွက်ပါ အကောင်းဆုံး သင်ယူနည်းပါ။ ဝါကျတည်ဆောက်မှု ရိုးရှင်းပြီး တိကျပြတ်သားတဲ့ စကား ပြောဟန်နဲ့ တင်ဆက်ရလေ့ရှိတဲ့ သတင်း အစီအစဉ် တို့ကို နားထောင်ခြင်းကြောင့် အကြားစွမ်းရည် တိုးတက်နိုင်သလို  ဇာတ်လမ်းတွဲတွေမှာလည်း ရုပ်ရှင်ထက် နေ့စဉ်သုံး ဘာသာစကား အသုံးအနှုန်းများ ပိုမိုပါဝင်တာရယ်၊ ဆွဲဆောင်တတ်တဲ့ အနုပညာခံစားမှု ရသပါဝင်တာရယ် တို့ကြောင့် ဘာသာစကားစွမ်းရည် တိုးတက်ဖို့ များစွာ အထောက်အကူ ပြုတတ်ကြပါတယ်။  ဇာတ်လမ်းတွဲ အမျိုးအစားတွေမှာလည်း အပစ်အခတ် အသားပေး ဇာတ်လမ်းမျိုးထက်စာရင် စကားများများ ပြောဆိုလေ့ရှိတဲ့ မိသားစု၊ အချစ်၊ ဟာသ ဇာတ်လမ်းအမျိုးအစားများဟာ ဘာသာစကား သင်ယူမှုအတွက် ပိုမို သင့်လျော်ပါတယ်။ 

သီချင်းဝါသနာပါသူတွေအတွက်လည်း သက်ဆိုင်ရာဘာသာစကားနဲ့ဆိုင်တဲ့ သီချင်းတွေအများကြီးထဲကမှ သင်ကြားရေးသုံး အခြေခံအဆင့်နှင့် ကြားအဆင့် (ဥပမာ A1 level/A2 Level French songs) ဆိုပြီး အဆင့်ခွဲခြားထားတဲ့ သီချင်းတွေကို ရှာဖွေနားဆင်နိုင်မယ်ဆိုရင် ပိုကောင်းပါတယ်။

Applications တွေကလည်း အထောက်အကူဖြစ်ပါတယ်။ ယခုအခါမှာ online နဲ့ သုံးရတဲ့  apps တွေဖြစ်တဲ့  မှာ သက်ဆိုင်ရာ ဘာသာစကားအလိုက်  native speakers တွေနဲ့လည်း ချိတ်ဆက် သင်ယူနိုင်နေပြီ ဖြစ်ပါတယ်။ 

Social media ကလည်း အလွန် ထိရောက်ပါတယ်။ ဘာသာစကား လေ့လာသင်ယူမှုနဲ့ ပတ်သက်တဲ့ သုတေသန တွေ့ရှိချက်တွေအရ ဘာသာစကားရဲ့ သဘောသဘာဝဟာ လူမှုဝန်းကျင်နှင့် ပိုမိုထိတွေ့နိုင်လေလေ ပိုမိုတတ်မြောက်တတ်တဲ့ သဘာဝရှိကြောင်းကို နိုင်ငံတကာက ဘာသာစကားသင်ကြား ရပ်ဝန်းတွေက လက်ခံထားကြပါတယ်။ ဒါကြောင့်လဲ အပြန်အလှန် ဆက်ဆံနိုင်မှုကို အထောက်အကူပြုတဲ့  Social media တွေကလည်း ဘာသာစကား သင်ကြားမှုအတွက် အထောက်အကူ ဖြစ်ကြပါတယ်။ အကောင်းဆုံးတွေကတော့  Pinterest ၊ Facebook နှင့် Twitter ပါ။ Pinterest မှာ သက်ဆိုင်ရာ ဘာသာစကားနဲ့ ပတ်သက်တဲ့ ဝေါဟာရ vocabulary ၊ သင်ထောက်ကူ ကားချပ်များ၊ ရုပ်ပုံများ၊ ကာတွန်းများကို စုစည်းပြီး လေ့လာသင်ယူနိုင်ပါတယ်။ Facebook နဲ့ Twitter ကတော့ အရေးစွမ်းရည်၊ အဖတ်စွမ်းရည် တို့ကို အထောက်အကူဖြစ်စေတဲ့အပြင် အပြန်အလှန် ရေးသားဆက်သွယ်၊ ဆက်ဆံရာကတဆင့် သင်ယူသူရဲ့ စိတ်အားထက်သန်မှုကိုလည်း တိုးမြှင့်ပေးနိုင်ပါတယ်။ 

ပြင်သစ်ဘာသာစကား စတင်သင်ယူလိုသူ အခြေခံ အဆင့်ရှိသူတွေနဲ့ ကြားအဆင့် ရှိသူတွေအတွက် အကောင်းဆုံးဖြစ်မယ့် ရုပ်ရှင်၊ သီချင်း၊ ဇာတ်လမ်းတွဲ၊ Applications၊ Youtube channels၊ ရုပ်သံလိုင်း တို့ကို လမ်းညွှန် websites များမှတဆင့် ဖော်ပြပေးလိုက်ပါတယ်။ 

လမ်းညွှန် website များ 

ရုပ်ရှင်

ဇာတ်လမ်းတွဲ
Language Learning Series


TV series


သီချင်း

Applications


Youtube Channels (selected)


News Channels









Comments

Popular posts from this blog

ပြင်သစ်ဘာသာစကားကို မြန်မာကျောင်းသားတွေ စတင်သင်ကြားကြတဲ့အခါ ဖြစ်လေ့ဖြစ်ထရှိတဲ့ အရာထဲကတစ်ခုကတော့ ပြင်သစ်ဘာသာရှိ နာမ်များကို သက်ရှိသက်မဲ့ရော ဒြပ်ရှိဒြပ်မဲ့ပါ အထီးနာမ်၊ အမနာမ် (Masculine & Feminine) အဖြစ် လိင်သတ်မှတ်ထားခြင်းအပေါ် နားလည်ရခက်ခဲတဲ့ အရာတစ်ခု၊ ခွဲခြားရခက်တဲ့ အရာတစ်ခု ဆိုပြီး စိတ်ပျက်အားလျော့တတ်ကြတာပါပဲ။ တကယ်တော့ သဒ္ဒါလိင်ခွဲခြားခြင်း (Grammatical Genders) ဟာ ပြင်သစ်ဘာသာစကား တစ်ခုတည်းမှာ ထူးထူးခြားခြား တွေ့နေရတာ မဟုတ်ပါဘူး။ ကမ္ဘာပေါ်ရှိ ဘာသာစကားများအားလုံးရဲ့ ထက်ဝက်လောက် နီးနီးမှာ သဒ္ဒါလိင် ခွဲခြားမှု ရှိပါတယ်။ အဲဒီဘာသာစကားတွေရဲ့ ထက်ဝက်လောက်နီးနီးမှာလည်း အထီး၊ အမ (၂)မျိုးထက် ပိုတဲ့ သဒ္ဒါလိင်ခွဲခြားမှု ရှိပါတယ်။ အင်ဒိုဥရောပမျိုးနွယ်ဝင် ဘာသာစကားအတော်များများ (ခေတ်သစ်  အင်္ဂလိပ် ဘာသာစကား မပါ၊ ရှေး အင်္ဂလိပ် ဘာသာစကား တွင် သဒ္ဒါလိင်ရှိပါတယ်)၊ အရှေ့အလယ်ပိုင်း ဒေသနဲ့ အာဖရိကဒေသရှိ ဘာသာစကားအတော်များများမှာ သဒ္ဒါလိင်ရှိပါတယ်။ ဘာသာဗေဒရှုထောင့်က ကြည့်မယ်ဆိုရင် ဘာသာစကားတိုင်းရဲ့ နာမ်များဟာ အချင်းချင်း အမျိုးအစားခွဲခြားပြီး တူရာစုလိုတဲ့ သဘောသဘာဝ ရှိပါတယ်။ နာမ်တွေနဲ့ အများဆုံး  ဆက...
Bonjour / bɔ̃ˈʒur /  ကတော့ ပြင်သစ်တွေရဲ့  အသုံးအများဆုံး  နှုတ်ဆက်စကား ပါပဲ။ မြန်မာလိုဆို  မင်္ဂလာပါ ပေါ့လေ။  အဓိပ္ပါယ် အတိအကျကတော့  bon = ကောင်းသော jour = နေ့ ပါ။ နေ့တစ်နေ့ရဲ့ နေရောင်ရှိနေချိန် (အရုဏ်၊ နံနက်၊ နေ့လယ်၊ ညနေခင်း) တွေမှာ လမ်းသွားလမ်းလာ၊ သူငယ်ချင်း၊ မိတ်ဆွေ၊ ဆွေမျိုး၊ လူစိမ်း အကုန်လုံးကို နှုတ်ဆက်တဲ့အခါ ပြောဆိုတဲ့ စကားပါ။ နေဝင်ချိန် (ဆောင်းရာသီဆို ညနေ ၆နာရီလောက် နေဝင်ပြီး အခြားရာသီမှာတော့ ည၈နာရီလောက်မှ နေဝင်ပါတယ်) ရောက်သွားရင်တော့  Bonsoir  / bɔ̃ˈswar /  လို့ ပြောပါတယ်။  bon = ကောင်းသော soir = ညနေခင်း လို့ အဓိပ္ပါယ် ရပါတယ်။ ပြင်သစ်လူမျိုးတွေရဲ့ နှုတ်ခွန်းဆက် ယဉ်ကျေးမှုမှာ  Bonjour/Bonsoir ပြောခြင်းနဲ့အတူ လက်ဆွဲနှုတ်ဆက်ခြင်း  (သို့) ပါးချင်းအပ်ပြီး အနမ်းပေးခြင်း (faire la bise) ယဉ်ကျေးမှုလည်း ရှိပါတယ်။ လက်ဆွဲနှုတ်ဆက်တာကတော့ မိတ်ဆွေသစ်အချို့နဲ့ မိတ်ဖွဲ့ချိန်မှာ ယောကျာ်းအချင်းချင်းကြား (သို့) မိန်းမအချင်းချင်းကြား (သို့) မိန်းမနှင့် ယောကျာ်းကြား ပြုလုပ်ကြပါတယ်။  ပါးချင်းအပ် အနမ်းပေးခြင်း (la bise) ကို ဆွေမျိုး၊ မိ...