- Get link
- X
- Other Apps
တကယ်တော့ ပြင်သစ်ဟာ ရိုမန့် ဘာသာစကားတစ်ခု (Romance) ဖြစ်ပါတယ်။ ရိုမန့်ဆိုတာ ရှေးခေတ် ရိုမန်လူမျိုးတွေရဲ့ (Vulgar Latin) ဗျူဂါလက်တင်ဘာသာစကားကနေ ဆင်းသက်တဲ့ ဘာသာစကားအစုအဖွဲ့ကို ခေါ်တာပါ။ ပင်ရင်းမျိုးနွယ်ဖြစ်တဲ့ အင်ဒိုဥရောပဘာသာစကား မိသားစုထဲက အခွဲ မိသားစု တစ်ခုပါ။ အိုင်တယ်လစ် အခွဲ (Italic branch) ဟုလည်း ခေါ်ပြီး ရိုမန့် ဘာသာစကားအစုအဖွဲ့ထဲမှာ အီတာလျံ၊ ပြင်သစ်၊ စပိန်၊ ပေါ်တူဂီ၊ ရိုမေးနီးယား၊ ကက်တလန် (Catalan) စတဲ့ ဘာသာစကားတွေ အဓိက ပါဝင်ပါတယ်။ အင်္ဂလိပ် ၊ ဂျာမန်၊ ရုရှတို့နဲ့ အခွဲမိသားစု မတူညီပါဘူး။ ရိုမန့်ဘာသာစကား အချင်းချင်းဟာ ဘာသာစကား သဘာဝချင်း အလွန်နီးကပ် ဆင်တူတာမို့ ပြင်သစ်ဘာသာ တတ်ကျွမ်းပါက စပိန်၊ ပေါ်တူဂီစတဲ့ ဘာသာစကားတွေကို သင်ယူဖို့ အလွန်လွယ်ကူသွားမှာ ဖြစ်ပါတယ်။ ပြင်သစ်ဘာသာစကားကို အချစ်ဘာသာစကား (Language of Love) ၊ ရိုမန်တစ်ဘာသာစကား (Romantic language)လို့ တစ်ချို့က ပြောကြပါတယ်။ ပြင်သစ်လူမျိုးတွေကိုယ်တိုင်လည်း ဘာအကြောင်းကြောင့် အဲလိုပြောမှန်း သေချာမသိကြပါဘူး။ Sociolinguist တစ်ယောက်ရဲ့ ရှုထောင့်အရတော့ ရှေးအခါက ဥရောပရှိ စစ်သည်တော်တွေအတွက် အချစ်ကဗျာ၊...