Skip to main content

တကယ်တော့ ပြင်သစ်ဟာ ရိုမန့် ဘာသာစကားတစ်ခု (Romance) ဖြစ်ပါတယ်။ ရိုမန့်ဆိုတာ ရှေးခေတ် ရိုမန်လူမျိုးတွေရဲ့  (Vulgar Latin) ဗျူဂါလက်တင်ဘာသာစကားကနေ ဆင်းသက်တဲ့ ဘာသာစကားအစုအဖွဲ့ကို ခေါ်တာပါ။ ပင်ရင်းမျိုးနွယ်ဖြစ်တဲ့ အင်ဒိုဥရောပဘာသာစကား မိသားစုထဲက အခွဲ မိသားစု တစ်ခုပါ။  အိုင်တယ်လစ် အခွဲ (Italic branch) ဟုလည်း ခေါ်ပြီး ရိုမန့် ဘာသာစကားအစုအဖွဲ့ထဲမှာ အီတာလျံ၊ ပြင်သစ်၊ စပိန်၊ ပေါ်တူဂီ၊ ရိုမေးနီးယား၊ ကက်တလန် (Catalan) စတဲ့ ဘာသာစကားတွေ အဓိက ပါဝင်ပါတယ်။ အင်္ဂလိပ် ၊ ဂျာမန်၊ ရုရှတို့နဲ့ အခွဲမိသားစု မတူညီပါဘူး။  ရိုမန့်ဘာသာစကား အချင်းချင်းဟာ ဘာသာစကား သဘာဝချင်း အလွန်နီးကပ် ဆင်တူတာမို့ ပြင်သစ်ဘာသာ တတ်ကျွမ်းပါက စပိန်၊ ပေါ်တူဂီစတဲ့ ဘာသာစကားတွေကို သင်ယူဖို့ အလွန်လွယ်ကူသွားမှာ ဖြစ်ပါတယ်။ 

ပြင်သစ်ဘာသာစကားကို အချစ်ဘာသာစကား (Language of Love) ၊ ရိုမန်တစ်ဘာသာစကား (Romantic language)လို့ တစ်ချို့က ပြောကြပါတယ်။ ပြင်သစ်လူမျိုးတွေကိုယ်တိုင်လည်း ဘာအကြောင်းကြောင့် အဲလိုပြောမှန်း သေချာမသိကြပါဘူး။  Sociolinguist တစ်ယောက်ရဲ့ ရှုထောင့်အရတော့ ရှေးအခါက ဥရောပရှိ စစ်သည်တော်တွေအတွက် အချစ်ကဗျာ၊ သီချင်းတွေ ရေးစပ်တဲ့အခါ ရိုမန့်ဘာသာစကားတွေဖြစ်တဲ့ ပြင်သစ်၊ စပိန်၊ ပေါ်တူဂီ၊ အီတာလျံစတဲ့ ဘာသာစကားတွေကို အသုံးပြုခဲ့ကြပြီး ထိုစာပေအဖွဲ့အနွဲ့တွေဟာ ဥရောပနန်းတွင်းအတော်များများမှာ အဖျော်ဖြေ၊ အသုံးတော်ခံ ဖြစ်ခဲ့ကြပါတယ်။ ထို အဖွဲ့အနွဲ့တွေကိုလည်း အားလုံးခြုံပြီး ရိုမန့်လို့ ခေါ်ဝေါ် ခဲ့ကြပါတယ်။ ပြင်သစ်ဘာသာစကားနဲ့ ဆက်စပ်တာကတော့ တခြားဥရောပဘာသာစကားတွေနဲ့ နှိုင်းယှဉ်ပါက အသံထွက် ညင်သာပ‌ြေပြစ်မှု ရှိခြင်း၊ ပြင်သစ်ပြည်ဟာလည်း ကမ္ဘာပေါ်မှာ အလွန်သာယာလှပတာက တစ်ကြောင်း ၊ ဥရောပမှာရော ကမ္ဘာမှာပါ ခံစားမှုအနုပညာနှင့် ပတ်သက်လျှင် ထိပ်ဆုံးက ဉီးဆောင်နိုင်တဲ့ တိုင်းပြည် တစ်ခုဖြစ်နေတာက တစ်ကြောင်း၊ အလှဆုံး၊ အကောင်းဆုံး၊ အရသာအရှိဆုံး ဇိမ်ခံပစ္စည်းပေါင်းစုံ ခံစားနိုင်တဲ့ နေရာတစ်ခု ဖြစ်နေတာက တစ်ကြောင်း၊ တခြား ဥရောပနိုင်ငံများနှင့် နှိုင်းယှဉ်ပါက လူမှုရေးရာကိစ္စများ ပိုမို ပွင့်လင်းလွတ်လပ်တာက တစ်ကြောင်း စတဲ့ အကြောင်းများကြောင့်  တခြား ရိုမန့်အနွယ်ဝင်ဘာသာစကားတွေထက် ပြင်သစ်ကိုမှ ပို၍  နူးညံ့လှပသော ခံစားမှု (သို့) အချစ်နဲ့ သက်ဆိုင်နေတဲ့ ဘာသာစကားတစ်ခု (Romantic language/ language of love) အဖြစ် တင်စားပြောဆိုလာကြတာ ဖြစ်ပါတယ်။ 

ကိုးကား - 

https://www.rocketlanguages.com/blog/the-languages-of-love-the-5-most-romantic-languages

https://www.frenchpod101.com/blog/2010/02/24/history-of-the-french-language-truly-a-romance-language-2/




Comments

Popular posts from this blog

 France/French ကို ဘာလို့ မြန်မာတွေက ပြင်သစ်လို့ ခေါ်တာလဲ တစ်ချို့ဖော်ပြချက်တွေအရ ပြင်သစ်တို့ကိုယ်တိုင် ခေါ်ဝေါ်တဲ့ (Français မြန်မာအသံ အနေနဲ့ ဖရန်စစ်)ကို မြန်မာတို့နားနဲ့ ကိုက်အောင် အသံဖလှယ်ခြင်း၊ မြန်မာမှုပြုခြင်းတို့ ပြုလုပ်ခဲ့ကြရာ ဖရန်စစ်မှ ပရန်သစ်၊ ထို့နောက် ပြန်သစ် နှင့် နောက်ဆုံး ပြင်သစ် ဟု ဖြစ်လာခဲ့တယ်လို့ မှတ်သားဖူးပါတယ်။ ထို့ပြင် ဖြစ်နိုင်ချေ တစ်ခုမှာ မျက်နှာဖြူနိုင်ငံခြားသားများကို အာရှတိုက်သားတို့ ရှေးအခါက ခေါ်ဝေါ်ခဲ့ကြသော  Feringhis ဖရင်းဂစ် ဆိုသည့် စကားလုံးနှင့်လည်း ဆက်စပ်နိုင်နေနိုင်သည်။ ထိုစကားလုံးကို  ကုန်းဘောင်ခေတ် မြန်မာဘုရင်များဘက်မှ ပဲခူး၊ အယုဒ္ဓယ နှင့် မဏိပူရအား တိုက်ခိုက်ရာတွင် ပါဝင်ကူညီပေးခဲ့ပြီး  ဆင်ဖြူရှင်မင်းထံ၌လည်း အမှုထမ်းခဲ့သော ပြင်သစ်လူမျိုး ရေတပ်ဗိုလ် Pierre de Milard ၏ အုတ်ဂူပေါ်တွင် "Captain of the Feringhis" ဟူ၍ တွေ့ရှိခဲ့ရကြောင်း အထောက်အထားများလည်း ရှိသည်။  ဗမာဘာသာစကား၌ "F /f/ " သံရင်းဗျည်း မရှိသည့်အတွက် "F"နှင့် ဆိုင်သော စာလုံးပေါင်းတို့ကို "ဖ" ဖြင့် အနီးစပ်ဆုံး အသံလှယ်ကြရမြဲ ဖြစ်သည်။ (ဥပမာ - "Finland...
  Francophonie အကြောင်း မပြောခင် francophone ကိုအရင် အဓိပ္ပါယ် ဖွင့်ဆိုချင်ပါတယ်။  ဆိုတာ ပြင်သစ်စကားပြောသူကို ဆိုလိုပါတယ်။  Francophonie  ကတော့ ပြင်သစ်စကားပြောသော လူပုဂ္ဂိုလ် အစုအဖွဲ့ (သို့) ပြင်သစ်စကားပြောသော နိုင်ငံများ အစုအဖွဲ့ကို ဆိုလိုတာ ဖြစ်ပါတယ်။  Francophonie  ကိုကမ္ဘာလုံးဆိုင်ရာ ပြင်သစ်စကားပြော နိုင်ငံများ အဖွဲ့အစည်း ( Organisation Internationale de la Francophonie, OIF ) ကို အတိုကောက် ခေါ်ဝေါ်တဲ့ စကားလုံးအဖြစ်လည်း သုံးပါတယ်။    OIF  နဲ့ မိတ်ဆက်ပေးရတဲ့ အကြောင်းကတော့ ပြင်သစ်ဘာသာစကားပြောသော နိုင်ငံတကာ အဖွဲ့အစည်း တစ်ခုအကြောင်းကို ပြင်သစ်စကားပြော သင်ကြားသူတိုင်း သိရှိထားသင့်တယ်လို့ ယူဆလို့ပါ။  OIF  ကို ၁၉၇၀ မတ်လ ၂၀ မှာ အာဖရိကတိုက်ရှိ နီဂါနိုင်ငံမှာ ယဉ်ကျေးမှုနှင့် နည်းပညာရပ်ဆိုင်ရာ အေဂျင်စီ ( Agence de coopération culturelle et Technique, ACCT ) အဖြစ် စတင် ဖွဲ့စည်းခဲ့တာပါ။ ယခုအချိန်မှာ နိုင်ငံတကာ အဖွဲ့အစည်းတစ်ခုအဖြစ် ကြီးထွားလာခဲ့ပြီး အမြဲတမ်းအဖွဲ့ ဝင်အဖြစ် ၅၄ နိုင်ငံ/ဒေသ (အရှေ့တောင်အာရှမှ လာအို၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်နို...
Bonjour / bɔ̃ˈʒur /  ကတော့ ပြင်သစ်တွေရဲ့  အသုံးအများဆုံး  နှုတ်ဆက်စကား ပါပဲ။ မြန်မာလိုဆို  မင်္ဂလာပါ ပေါ့လေ။  အဓိပ္ပါယ် အတိအကျကတော့  bon = ကောင်းသော jour = နေ့ ပါ။ နေ့တစ်နေ့ရဲ့ နေရောင်ရှိနေချိန် (အရုဏ်၊ နံနက်၊ နေ့လယ်၊ ညနေခင်း) တွေမှာ လမ်းသွားလမ်းလာ၊ သူငယ်ချင်း၊ မိတ်ဆွေ၊ ဆွေမျိုး၊ လူစိမ်း အကုန်လုံးကို နှုတ်ဆက်တဲ့အခါ ပြောဆိုတဲ့ စကားပါ။ နေဝင်ချိန် (ဆောင်းရာသီဆို ညနေ ၆နာရီလောက် နေဝင်ပြီး အခြားရာသီမှာတော့ ည၈နာရီလောက်မှ နေဝင်ပါတယ်) ရောက်သွားရင်တော့  Bonsoir  / bɔ̃ˈswar /  လို့ ပြောပါတယ်။  bon = ကောင်းသော soir = ညနေခင်း လို့ အဓိပ္ပါယ် ရပါတယ်။ ပြင်သစ်လူမျိုးတွေရဲ့ နှုတ်ခွန်းဆက် ယဉ်ကျေးမှုမှာ  Bonjour/Bonsoir ပြောခြင်းနဲ့အတူ လက်ဆွဲနှုတ်ဆက်ခြင်း  (သို့) ပါးချင်းအပ်ပြီး အနမ်းပေးခြင်း (faire la bise) ယဉ်ကျေးမှုလည်း ရှိပါတယ်။ လက်ဆွဲနှုတ်ဆက်တာကတော့ မိတ်ဆွေသစ်အချို့နဲ့ မိတ်ဖွဲ့ချိန်မှာ ယောကျာ်းအချင်းချင်းကြား (သို့) မိန်းမအချင်းချင်းကြား (သို့) မိန်းမနှင့် ယောကျာ်းကြား ပြုလုပ်ကြပါတယ်။  ပါးချင်းအပ် အနမ်းပေးခြင်း (la bise) ကို ဆွေမျိုး၊ မိ...