"Je t'aime" /ʒə t‿ɛm/ ကတော့ ပြင်သစ်လိုပြောတဲ့ "I love you" ပါပဲ။
"Je" ဆိုတာ "ကျွန်တော်/ကျွန်မ/ငါ" ဆိုတဲ့ နာမ်စား။ "te" ကတော့ နင့်ကို/သင့်ကို လို့ပြောတဲ့ နာမ်စားပါ။ နီးကပ်နေတဲ့ ကြိယာက သရ (a) နဲ့စလို့ (t')အဖြစ် ပြောင်းလဲသွားတာပါ။ ပြင်သစ်မှာ နာမ်စားရဲ့ အဆုံးအက္ခရာနဲ့ ကြိယာရဲ့ အစအက္ခရာတို့ဟာ သရများ ဖြစ်နေတဲ့အခါ apostrophe (') ခံပြီး နာမ်စားရဲ့ သရကို ဖြုတ်ပြီး ကြိယာနဲ့ ပေါင်းစပ်လိုက်ရပါတယ်။ တကယ်လို့သာ "နင့်ကို/သင့်ကို" မပါဘဲ "ငါ့အမေကို ချစ်တယ်" ဆိုရင် "J'aime ma mère" လို့ ရေးရပါတယ်။ အဲဒီမှာလည်း "ကျွန်တော်/ကျွန်မ/ငါ" ရဲ့ နာမ်စား ဖြစ်တဲ့ "Je" ဟာ သရ "e" နဲ့ အဆုံးသတ်လို့ apostrophe (') ခံပြီး ကြိယာ "aimer" နဲ့ ပေါင်းစပ်ရပါတယ်။
ချစ်တယ်ဆိုတဲ့ အဓိပ္ပါယ်ရဲ့ မူရင်း ကြိယာက "aimer" ပါ။ ဒါပေမယ့် ပြင်သစ်ကြိယာတွေရဲ့ သဘောအရ အထူးပြုတဲ့ နာမ်စားအပေါ် မူတည်ပြီး ရုပ်ပြောင်းဝိဘတ်သွယ်ပေးရတော့ မူရင်းကြိယာဟာ ကျွန်တော်/ကျွန်မ/ငါ နာမ်စားနဲ့ တွဲဖက်တဲ့ "aime" အဖြစ်ပြောင်းလဲသွားပါတယ်။ တကယ်လို့သာ နာမ်စားက ကျွန်တော်/ကျွန်မ မဟုတ်ဘဲ 'သင်/နင်' ဆိုရင် တခြားစာလုံးပေါင်း ပြောင်းပေးရပါတယ်။
ဥပမာ 'ငါနင့်ကို ချစ်တယ်' ဆိုရင် "Je t'aime"၊
'နင်ငါ့ကို ချစ်တယ်' ဆိုရင် "Tu m'aimes"၊
'ငါတို့နင့်ကို ချစ်တယ်' ဆိုရင် "Nous t'aimons" စသဖြင့် ကြိယာစာလုံးပေါင်းက ကတ္တား (subject) မှာရှိတဲ့ နာမ်စားကို မူတည်ပြီး ပြောင်းလဲပေး ရပါတယ်။
Comments
Post a Comment