Skip to main content

Les alphabets français

ပြင်သစ်အက္ခရာစဉ် လိုက်ဆိုကြည့်ရအောင် ... လွယ်ပါတယ် 👌

ပြင်သစ်အက္ခရာစဉ်ကလည်း  ဘာသာစကားလိုမျိုး ၂၆ လုံးရှိပါတယ်။ ဒါပေမယ့်လည်း အသံထွက်ပိုင်းမှာ အနည်းနဲ့ အများကွဲပါတယ်။ မြန်မာကျောင်းသား အတော်များများ အတွက် အခက်အခဲကြုံတဲ့ အက္ခရာတွေကတော့ "G, J, R, Y" တို့ပဲ ဖြစ်ပါတယ်။ အောက်မှာ ဖော်ပြထားတဲ့ youtube video နဲ့အတူ လိုက်ပါ ရွတ်ဆို ကြည့်နိုင်ပါတယ်။ အဲဒီ video လေးက ကြည့်ဖူးသမျှတွေထဲမှာ အသံထွက် အပီသဆုံးပါ။ video ထဲမှာ အက္ခရာစဉ်ကို ၂ခေါက် ရွတ်ဆိုပြီးတာနဲ့ Dictation (Dictée) လို့ခေါ်တဲ့ စာလုံးပေါင်းခေါ်ပေးတဲ့ အစီအစဉ် လာပါလိမ့်မယ်။ လိုက်ရေးကြည့်ပါ။ 

French Alphabet video: https://www.youtube.com/watch?v=no0WNgeYdqI

အသံထွက် အခက်အခဲ မရှိအောင်လည်း အက္ခရာ တစ်ခုချင်းစီအလိုက်  phonetic symbol ရော စာလုံးပေါင်းရော ရေးပေးထားပါတယ်။
A    - /a/    - a                            - /ɛn/        - enne
   -/be/   - bé                      O     - /o/            - o
C    -/se/    - cé                      P     - /pe/        - pé
D    -/de/   - dé                          - /ky/        - qu
E    - /ə/     - e                        R    - /ɛʁ/        - erre
F    -/ɛf/    - effe                         - /ɛs/        - esse
G    -/ʒe/   - gé                       T    - /te/        - té
H    - /aʃ/  - ache                    U    - /y/        - u
I     - /i/     - i                              - /ve/        - vé
J     - /ʒi/   - ji                        W    - /dubləve/    - double vé
K    -/kɑ/  - ka                       X     - /iks/        - ixe
    -/ɛl/   - elle                     Y    - /igʁɛk/     - i grec
M    - /ɛm/ - emme                Z    - /zɛd/        - zède




Comments

Popular posts from this blog

တကယ်တော့ ပြင်သစ်ဟာ ရိုမန့် ဘာသာစကားတစ်ခု (Romance) ဖြစ်ပါတယ်။ ရိုမန့်ဆိုတာ ရှေးခေတ် ရိုမန်လူမျိုးတွေရဲ့  (Vulgar Latin) ဗျူဂါလက်တင်ဘာသာစကားကနေ ဆင်းသက်တဲ့ ဘာသာစကားအစုအဖွဲ့ကို ခေါ်တာပါ။ ပင်ရင်းမျိုးနွယ်ဖြစ်တဲ့ အင်ဒိုဥရောပဘာသာစကား မိသားစုထဲက အခွဲ မိသားစု တစ်ခုပါ။  အိုင်တယ်လစ် အခွဲ (Italic branch) ဟုလည်း ခေါ်ပြီး ရိုမန့် ဘာသာစကားအစုအဖွဲ့ထဲမှာ အီတာလျံ၊ ပြင်သစ်၊ စပိန်၊ ပေါ်တူဂီ၊ ရိုမေးနီးယား၊ ကက်တလန် (Catalan) စတဲ့ ဘာသာစကားတွေ အဓိက ပါဝင်ပါတယ်။  အင်္ဂလိပ်  ၊ ဂျာမန်၊ ရုရှတို့နဲ့ အခွဲမိသားစု မတူညီပါဘူး။  ရိုမန့်ဘာသာစကား အချင်းချင်းဟာ ဘာသာစကား သဘာဝချင်း အလွန်နီးကပ် ဆင်တူတာမို့ ပြင်သစ်ဘာသာ တတ်ကျွမ်းပါက စပိန်၊ ပေါ်တူဂီစတဲ့ ဘာသာစကားတွေကို သင်ယူဖို့ အလွန်လွယ်ကူသွားမှာ ဖြစ်ပါတယ်။  ပြင်သစ်ဘာသာစကားကို အချစ်ဘာသာစကား (Language of Love) ၊ ရိုမန်တစ်ဘာသာစကား (Romantic language)လို့ တစ်ချို့က ပြောကြပါတယ်။ ပြင်သစ်လူမျိုးတွေကိုယ်တိုင်လည်း ဘာအကြောင်းကြောင့် အဲလိုပြောမှန်း သေချာမသိကြပါဘူး။  Sociolinguist တစ်ယောက်ရဲ့ ရှုထောင့်အရတော့ ရှေးအခါက ဥရောပရှိ စစ်သည်တော်တွေအတွက် အချစ်ကဗျာ၊...
Bonjour / bɔ̃ˈʒur /  ကတော့ ပြင်သစ်တွေရဲ့  အသုံးအများဆုံး  နှုတ်ဆက်စကား ပါပဲ။ မြန်မာလိုဆို  မင်္ဂလာပါ ပေါ့လေ။  အဓိပ္ပါယ် အတိအကျကတော့  bon = ကောင်းသော jour = နေ့ ပါ။ နေ့တစ်နေ့ရဲ့ နေရောင်ရှိနေချိန် (အရုဏ်၊ နံနက်၊ နေ့လယ်၊ ညနေခင်း) တွေမှာ လမ်းသွားလမ်းလာ၊ သူငယ်ချင်း၊ မိတ်ဆွေ၊ ဆွေမျိုး၊ လူစိမ်း အကုန်လုံးကို နှုတ်ဆက်တဲ့အခါ ပြောဆိုတဲ့ စကားပါ။ နေဝင်ချိန် (ဆောင်းရာသီဆို ညနေ ၆နာရီလောက် နေဝင်ပြီး အခြားရာသီမှာတော့ ည၈နာရီလောက်မှ နေဝင်ပါတယ်) ရောက်သွားရင်တော့  Bonsoir  / bɔ̃ˈswar /  လို့ ပြောပါတယ်။  bon = ကောင်းသော soir = ညနေခင်း လို့ အဓိပ္ပါယ် ရပါတယ်။ ပြင်သစ်လူမျိုးတွေရဲ့ နှုတ်ခွန်းဆက် ယဉ်ကျေးမှုမှာ  Bonjour/Bonsoir ပြောခြင်းနဲ့အတူ လက်ဆွဲနှုတ်ဆက်ခြင်း  (သို့) ပါးချင်းအပ်ပြီး အနမ်းပေးခြင်း (faire la bise) ယဉ်ကျေးမှုလည်း ရှိပါတယ်။ လက်ဆွဲနှုတ်ဆက်တာကတော့ မိတ်ဆွေသစ်အချို့နဲ့ မိတ်ဖွဲ့ချိန်မှာ ယောကျာ်းအချင်းချင်းကြား (သို့) မိန်းမအချင်းချင်းကြား (သို့) မိန်းမနှင့် ယောကျာ်းကြား ပြုလုပ်ကြပါတယ်။  ပါးချင်းအပ် အနမ်းပေးခြင်း (la bise) ကို ဆွေမျိုး၊ မိ...
ပြင်သစ်သဒ္ဒါ အကြောင်း စိတ်ဝင်စားတဲ့သူတွေအတွက် သင်ကြားရေး ဗီဒီယိုလေးတွေ ဒီ page မှာ မျှဝေချင်ပါတယ်။ နောက်ပိုင်းမှာ အားရင်အားသလို ဗီဒီယိုလေးတွေ ဆက်တင်ပေးသွားပါမယ်။