Skip to main content

 France/French ကို ဘာလို့ မြန်မာတွေက ပြင်သစ်လို့ ခေါ်တာလဲ

တစ်ချို့ဖော်ပြချက်တွေအရ ပြင်သစ်တို့ကိုယ်တိုင် ခေါ်ဝေါ်တဲ့ (Français မြန်မာအသံ အနေနဲ့ ဖရန်စစ်)ကို မြန်မာတို့နားနဲ့ ကိုက်အောင် အသံဖလှယ်ခြင်း၊ မြန်မာမှုပြုခြင်းတို့ ပြုလုပ်ခဲ့ကြရာ ဖရန်စစ်မှ ပရန်သစ်၊ ထို့နောက် ပြန်သစ် နှင့် နောက်ဆုံး ပြင်သစ် ဟု ဖြစ်လာခဲ့တယ်လို့ မှတ်သားဖူးပါတယ်။

ထို့ပြင် ဖြစ်နိုင်ချေ တစ်ခုမှာ မျက်နှာဖြူနိုင်ငံခြားသားများကို အာရှတိုက်သားတို့ ရှေးအခါက ခေါ်ဝေါ်ခဲ့ကြသော  Feringhis ဖရင်းဂစ် ဆိုသည့် စကားလုံးနှင့်လည်း ဆက်စပ်နိုင်နေနိုင်သည်။ ထိုစကားလုံးကို  ကုန်းဘောင်ခေတ် မြန်မာဘုရင်များဘက်မှ ပဲခူး၊ အယုဒ္ဓယ နှင့် မဏိပူရအား တိုက်ခိုက်ရာတွင် ပါဝင်ကူညီပေးခဲ့ပြီး  ဆင်ဖြူရှင်မင်းထံ၌လည်း အမှုထမ်းခဲ့သော ပြင်သစ်လူမျိုး ရေတပ်ဗိုလ် Pierre de Milard ၏ အုတ်ဂူပေါ်တွင် "Captain of the Feringhis" ဟူ၍ တွေ့ရှိခဲ့ရကြောင်း အထောက်အထားများလည်း ရှိသည်။ 

ဗမာဘာသာစကား၌ "F /f/ " သံရင်းဗျည်း မရှိသည့်အတွက် "F"နှင့် ဆိုင်သော စာလုံးပေါင်းတို့ကို "ဖ" ဖြင့် အနီးစပ်ဆုံး အသံလှယ်ကြရမြဲ ဖြစ်သည်။ (ဥပမာ - "Finland" ကို ဖင်လန်ဟူ၍) ထို့ကြောင့်လည်း ဖရန်စစ်ဟု ဉီးဆုံး အသံလှယ်ခဲ့ခြင်း ဖြစ်သည်။ "ပြင်သစ်" ဟူသော အမည်၏ ရင်းမြစ်ကို ယခုအချိန်ထိ အတိအကျ နောက်ကြောင်းလိုက်၍ မရသေးပါ။ ဗမာစကားသံဖွဲ့ပုံနှင့် ဘာသာဗေဒရှိ အသံ ပြောင်းလဲမှု သီအိုရီများအပေါ် မူတည်၍ ဖော်ထုတ်နိုင်ရန် ကြိုးစားသွားရပါဉီးမည်။










Comments

Popular posts from this blog

ရုပ်ရှင်၊ သတင်း၊ သီချင်း၊ ဇာတ်လမ်းတွဲ၊ Application၊ Social Media၊ Youtube Channels  ဘယ်ဟာ ပိုကောင်းလဲ ?? ဘာသာစကားတစ်ခု သင်ယူနေချိန်မှာ သက်ဆိုင်ရာ ဘာသာစကားနဲ့ဆိုင်တဲ့ ရုပ်ရှင်၊ သီချင်း၊ ဇာတ်လမ်းတွဲ၊ Application စတဲ့ အနုပညာခံစားမှုများ၊ နည်းပညာများမှတဆင့်  မသိစိတ်ကနေ အလိုအလျောက် ဘာသာစကား သင်ယူမှုဟာလည်း အထောက်အကူ ဖြစ်ပါတယ်။ အထူးသဖြင့် သက်ဆိုင်ရာ ဘာသာစကားကို ပြောဆိုနေတဲ့ နိုင်ငံ (သို့) ရပ်ဝန်းတစ်ခုအတွင်း သွားရောက်သင်ယူရန် မဖြစ်နိုင်သေးတဲ့ အခြေအနေမျိုးတွေမှာ ထိုသင်ထောက်ကူ နည်းလမ်းတွေဟာ ပိုမိုအရေးပါ ပါတယ်။  ဒါပေမယ့်လည်း ရွေးချယ်စရာများလွန်းတဲ့ သင်ယူမှုနည်းလမ်းတွေထဲက အကောင်းဆုံးကို သိရှိပြီး တစ်စိုက်မတ်မတ်လေ့လာသင်ယူမှု ပြုလုပ်တတ်ရန်လည်း အရေးကြီးပါတယ်။ ပြင်သစ်စကား ၁၀နှစ်နီးပါး သင်ကြားမှု အတွေ့အကြုံတွေအရ ဇာတ်လမ်းတွဲ ကြည့်ရှုခြင်းနဲ့ သတင်းနားထောင်ခြင်းတို့ဟာ အခြေခံအဆင့်ရော ကြားအဆင့် အတွက်ပါ အကောင်းဆုံး သင်ယူနည်းပါ။ ဝါကျတည်ဆောက်မှု ရိုးရှင်းပြီး တိကျပြတ်သားတဲ့ စကား ပြောဟန်နဲ့ တင်ဆက်ရလေ့ရှိတဲ့ သတင်း အစီအစဉ် တို့ကို နားထောင်ခြင်းကြောင့် အကြားစွမ်းရည် တိုးတက်နိုင်သလို  ဇာတ်လမ်းတွဲ...
ပြင်သစ်ဘာသာစကားကို မြန်မာကျောင်းသားတွေ စတင်သင်ကြားကြတဲ့အခါ ဖြစ်လေ့ဖြစ်ထရှိတဲ့ အရာထဲကတစ်ခုကတော့ ပြင်သစ်ဘာသာရှိ နာမ်များကို သက်ရှိသက်မဲ့ရော ဒြပ်ရှိဒြပ်မဲ့ပါ အထီးနာမ်၊ အမနာမ် (Masculine & Feminine) အဖြစ် လိင်သတ်မှတ်ထားခြင်းအပေါ် နားလည်ရခက်ခဲတဲ့ အရာတစ်ခု၊ ခွဲခြားရခက်တဲ့ အရာတစ်ခု ဆိုပြီး စိတ်ပျက်အားလျော့တတ်ကြတာပါပဲ။ တကယ်တော့ သဒ္ဒါလိင်ခွဲခြားခြင်း (Grammatical Genders) ဟာ ပြင်သစ်ဘာသာစကား တစ်ခုတည်းမှာ ထူးထူးခြားခြား တွေ့နေရတာ မဟုတ်ပါဘူး။ ကမ္ဘာပေါ်ရှိ ဘာသာစကားများအားလုံးရဲ့ ထက်ဝက်လောက် နီးနီးမှာ သဒ္ဒါလိင် ခွဲခြားမှု ရှိပါတယ်။ အဲဒီဘာသာစကားတွေရဲ့ ထက်ဝက်လောက်နီးနီးမှာလည်း အထီး၊ အမ (၂)မျိုးထက် ပိုတဲ့ သဒ္ဒါလိင်ခွဲခြားမှု ရှိပါတယ်။ အင်ဒိုဥရောပမျိုးနွယ်ဝင် ဘာသာစကားအတော်များများ (ခေတ်သစ်  အင်္ဂလိပ် ဘာသာစကား မပါ၊ ရှေး အင်္ဂလိပ် ဘာသာစကား တွင် သဒ္ဒါလိင်ရှိပါတယ်)၊ အရှေ့အလယ်ပိုင်း ဒေသနဲ့ အာဖရိကဒေသရှိ ဘာသာစကားအတော်များများမှာ သဒ္ဒါလိင်ရှိပါတယ်။ ဘာသာဗေဒရှုထောင့်က ကြည့်မယ်ဆိုရင် ဘာသာစကားတိုင်းရဲ့ နာမ်များဟာ အချင်းချင်း အမျိုးအစားခွဲခြားပြီး တူရာစုလိုတဲ့ သဘောသဘာဝ ရှိပါတယ်။ နာမ်တွေနဲ့ အများဆုံး  ဆက...
Bonjour / bɔ̃ˈʒur /  ကတော့ ပြင်သစ်တွေရဲ့  အသုံးအများဆုံး  နှုတ်ဆက်စကား ပါပဲ။ မြန်မာလိုဆို  မင်္ဂလာပါ ပေါ့လေ။  အဓိပ္ပါယ် အတိအကျကတော့  bon = ကောင်းသော jour = နေ့ ပါ။ နေ့တစ်နေ့ရဲ့ နေရောင်ရှိနေချိန် (အရုဏ်၊ နံနက်၊ နေ့လယ်၊ ညနေခင်း) တွေမှာ လမ်းသွားလမ်းလာ၊ သူငယ်ချင်း၊ မိတ်ဆွေ၊ ဆွေမျိုး၊ လူစိမ်း အကုန်လုံးကို နှုတ်ဆက်တဲ့အခါ ပြောဆိုတဲ့ စကားပါ။ နေဝင်ချိန် (ဆောင်းရာသီဆို ညနေ ၆နာရီလောက် နေဝင်ပြီး အခြားရာသီမှာတော့ ည၈နာရီလောက်မှ နေဝင်ပါတယ်) ရောက်သွားရင်တော့  Bonsoir  / bɔ̃ˈswar /  လို့ ပြောပါတယ်။  bon = ကောင်းသော soir = ညနေခင်း လို့ အဓိပ္ပါယ် ရပါတယ်။ ပြင်သစ်လူမျိုးတွေရဲ့ နှုတ်ခွန်းဆက် ယဉ်ကျေးမှုမှာ  Bonjour/Bonsoir ပြောခြင်းနဲ့အတူ လက်ဆွဲနှုတ်ဆက်ခြင်း  (သို့) ပါးချင်းအပ်ပြီး အနမ်းပေးခြင်း (faire la bise) ယဉ်ကျေးမှုလည်း ရှိပါတယ်။ လက်ဆွဲနှုတ်ဆက်တာကတော့ မိတ်ဆွေသစ်အချို့နဲ့ မိတ်ဖွဲ့ချိန်မှာ ယောကျာ်းအချင်းချင်းကြား (သို့) မိန်းမအချင်းချင်းကြား (သို့) မိန်းမနှင့် ယောကျာ်းကြား ပြုလုပ်ကြပါတယ်။  ပါးချင်းအပ် အနမ်းပေးခြင်း (la bise) ကို ဆွေမျိုး၊ မိ...