Skip to main content

ပြင်သစ်ဘာသာစကားကို မြန်မာကျောင်းသားတွေ စတင်သင်ကြားကြတဲ့အခါ ဖြစ်လေ့ဖြစ်ထရှိတဲ့ အရာထဲကတစ်ခုကတော့ ပြင်သစ်ဘာသာရှိ နာမ်များကို သက်ရှိသက်မဲ့ရော ဒြပ်ရှိဒြပ်မဲ့ပါ အထီးနာမ်၊ အမနာမ် (Masculine & Feminine) အဖြစ် လိင်သတ်မှတ်ထားခြင်းအပေါ် နားလည်ရခက်ခဲတဲ့ အရာတစ်ခု၊ ခွဲခြားရခက်တဲ့ အရာတစ်ခု ဆိုပြီး စိတ်ပျက်အားလျော့တတ်ကြတာပါပဲ။ တကယ်တော့ သဒ္ဒါလိင်ခွဲခြားခြင်း (Grammatical Genders) ဟာ ပြင်သစ်ဘာသာစကား တစ်ခုတည်းမှာ ထူးထူးခြားခြား တွေ့နေရတာ မဟုတ်ပါဘူး။ ကမ္ဘာပေါ်ရှိ ဘာသာစကားများအားလုံးရဲ့ ထက်ဝက်လောက် နီးနီးမှာ သဒ္ဒါလိင် ခွဲခြားမှု ရှိပါတယ်။ အဲဒီဘာသာစကားတွေရဲ့ ထက်ဝက်လောက်နီးနီးမှာလည်း အထီး၊ အမ (၂)မျိုးထက် ပိုတဲ့ သဒ္ဒါလိင်ခွဲခြားမှု ရှိပါတယ်။ အင်ဒိုဥရောပမျိုးနွယ်ဝင် ဘာသာစကားအတော်များများ (ခေတ်သစ် အင်္ဂလိပ်ဘာသာစကား မပါ၊ ရှေးအင်္ဂလိပ် ဘာသာစကားတွင် သဒ္ဒါလိင်ရှိပါတယ်)၊ အရှေ့အလယ်ပိုင်း ဒေသနဲ့ အာဖရိကဒေသရှိ ဘာသာစကားအတော်များများမှာ သဒ္ဒါလိင်ရှိပါတယ်။ ဘာသာဗေဒရှုထောင့်က ကြည့်မယ်ဆိုရင် ဘာသာစကားတိုင်းရဲ့ နာမ်များဟာ အချင်းချင်း အမျိုးအစားခွဲခြားပြီး တူရာစုလိုတဲ့ သဘောသဘာဝ ရှိပါတယ်။ နာမ်တွေနဲ့ အများဆုံး  ဆက်နွယ်ပတ်သက်ရတဲ့ နာမဝိသေနနဲ့ ကြိယာတို့ကိုလည်း နာမ်ရဲ့ အမျိုးအစားအလိုက် ရုပ်ပြောင်းစေလိုတဲ့ သဘောလည်း ရှိပါတယ်။ သဒ္ဒါလိင်မရှိတဲ့ အာရှနဲ့ ပစိဖိတ်ဒေသတွေက ဘာသာစကားတွေမှာ (Classifier) ဆိုတဲ့ နာမ်အမျိုးခွဲ စနစ်ရှိတတ်ပါတယ်။ ဥပမာ ဗမာစကားမှာဆိုရင် "ကောင်၊ ခု၊ ယောက်၊ ချပ်၊ လုံး" စတဲ့ မျိုးခွဲစကားလုံးတွေနဲ့ တွဲသုံးတဲ့ သက်ဆိုင်ရာ နာမ်တွေရှိပါတယ်။ တိရိစ္ဆာန်အတွက် "ကောင်" ကို သုံးရင် လူအတွက် "ယောက်"ကို သုံးရမှာ ဖြစ်ပြီး ဘောလုံး၊ ဂေါ်လီလုံး၊ အသီး စတဲ့ လုံးဝန်းတဲ့ ပစ္စည်းတွေအတွက် "လုံး"ကို သုံးရတာ ဖြစ်ပါတယ်။ အဆိုပါ နာမ်မျိုးခွဲစနစ်ဟာ အာရှစကားသင်ယူတဲ့ ဥရောပသားတွေအတွက် အလွန်နားလည်ရ ခက်သလို သင်ယူရတာလည်း ခက်ပါတယ်။  

ဆိုလိုချင်တာကတော့ ပြင်သစ်ဘာသာစကား သင်ယူတဲ့ မြန်မာကျောင်းသားတွေ အနေနဲ့ သဒ္ဒါလိင်ခွဲခြားမှုအပေါ် ဘာမှစိတ်ပျက်အားလျော့မနေဘဲ  သတ်မှတ်ထားတဲ့ သဒ္ဒါစည်းမျဉ်းတစ်ချို့ကို လေ့လာသင်ယူလိုက်ရုံနဲ့ ပြင်သစ်စကားဟာ လွယ်ကူတယ်ဆိုတာ နားလည်သိမြင်လာမှာ ဖြစ်တယ် ဆိုတာပါပဲ။ ပြင်သစ်နာမ်တွေကို ယေဘုယျအားဖြင့် စာလုံးရဲ့ အဆုံးသတ်ပိုင်းအပေါ် အဓိကထားပြီး အထီးနာမ်နဲ့ အမနာမ်တွေအဖြစ် ပိုင်းခြားသွားပါတယ်။ ချွင်းချက်တွေလည်း  အများကြီး ရှိပါတယ်။ နာမ်တွေရဲ့  စာလုံးပေါင်းကို ကြည့်ပြီး အလွယ်ခွဲခြားလို့ရတဲ့ စည်းမျဉ်းတွေ ရှိပါတယ်။ ဥပမာ "-esse "နဲ့ အဆုံးသတ်တဲ့နာမ်၊ "-euse "နဲ့ အဆုံးသတ်တဲ့နာမ်၊ "-onne"နဲ့ အဆုံးသတ်တဲ့နာမ် စတာတွေဟာ အမနာမ်များ ဖြစ်လေ့ရှိပြီး "-ien" နဲ့ အဆုံးသတ်တဲ့နာမ်၊ " -al" နဲ့ အဆုံးသတ်တဲ့နာမ်၊ တခြားဘာသာစကားက မွေးစားထားတဲ့ နာမ်တစ်ချို့ စတာ တွေဟာ အထီးနာမ်တွေ ဖြစ်လေ့ရှိပါတယ်။ အထီးနာမ်၊ အမနာမ်ခွဲခြားပုံရဲ့ စည်းမျဉ်းတွေကို ဒီအောက်က link မှာ လေ့လာနိုင်ပါတယ်။

ပြင်သစ်သဒ္ဒါလိင်ဟာ လွယ်ပါတယ်။ အချိန်တစ်နှစ်ခန့် လေ့ကျင့်လိုက်တာနဲ့  နာမ်တွေရဲ့ အထီး၊ အမ ခွဲခြားမှုကို မိခင်ပြင်သစ်ဘာသာစကား ပြောသူတွေလို ကျက်မှတ်စရာမလိုဘဲ အလိုအလျောက် ပြောနိုင်၊ ရေးနိုင်ပါလိမ့်မယ်။ အဓိက လေ့ကျင့်နည်းကတော့ ပြင်သစ်လိုရေးထားတဲ့ အခြေခံအဆင့်  အလွယ်ဖတ် စာပိုဒ်၊ ပုံပြင်၊ သီချင်းစတာတွေကို နှုတ်ကထွက်ဆို ဖတ်ရှုခြင်း၊ သီဆိုခြင်း မကြာခဏ ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။ ဘာသာစကားအသစ်တစ်ခု သင်ယူရာမှာ အဓိက အကျဆုံးက အဆက်မပြတ် လေ့ကျင့်မှုပါပဲ။ 
ကိုးကား - https://wals.info/chapter/30





Comments

Popular posts from this blog

 France/French ကို ဘာလို့ မြန်မာတွေက ပြင်သစ်လို့ ခေါ်တာလဲ တစ်ချို့ဖော်ပြချက်တွေအရ ပြင်သစ်တို့ကိုယ်တိုင် ခေါ်ဝေါ်တဲ့ (Français မြန်မာအသံ အနေနဲ့ ဖရန်စစ်)ကို မြန်မာတို့နားနဲ့ ကိုက်အောင် အသံဖလှယ်ခြင်း၊ မြန်မာမှုပြုခြင်းတို့ ပြုလုပ်ခဲ့ကြရာ ဖရန်စစ်မှ ပရန်သစ်၊ ထို့နောက် ပြန်သစ် နှင့် နောက်ဆုံး ပြင်သစ် ဟု ဖြစ်လာခဲ့တယ်လို့ မှတ်သားဖူးပါတယ်။ ထို့ပြင် ဖြစ်နိုင်ချေ တစ်ခုမှာ မျက်နှာဖြူနိုင်ငံခြားသားများကို အာရှတိုက်သားတို့ ရှေးအခါက ခေါ်ဝေါ်ခဲ့ကြသော  Feringhis ဖရင်းဂစ် ဆိုသည့် စကားလုံးနှင့်လည်း ဆက်စပ်နိုင်နေနိုင်သည်။ ထိုစကားလုံးကို  ကုန်းဘောင်ခေတ် မြန်မာဘုရင်များဘက်မှ ပဲခူး၊ အယုဒ္ဓယ နှင့် မဏိပူရအား တိုက်ခိုက်ရာတွင် ပါဝင်ကူညီပေးခဲ့ပြီး  ဆင်ဖြူရှင်မင်းထံ၌လည်း အမှုထမ်းခဲ့သော ပြင်သစ်လူမျိုး ရေတပ်ဗိုလ် Pierre de Milard ၏ အုတ်ဂူပေါ်တွင် "Captain of the Feringhis" ဟူ၍ တွေ့ရှိခဲ့ရကြောင်း အထောက်အထားများလည်း ရှိသည်။  ဗမာဘာသာစကား၌ "F /f/ " သံရင်းဗျည်း မရှိသည့်အတွက် "F"နှင့် ဆိုင်သော စာလုံးပေါင်းတို့ကို "ဖ" ဖြင့် အနီးစပ်ဆုံး အသံလှယ်ကြရမြဲ ဖြစ်သည်။ (ဥပမာ - "Finland...
  Francophonie အကြောင်း မပြောခင် francophone ကိုအရင် အဓိပ္ပါယ် ဖွင့်ဆိုချင်ပါတယ်။  ဆိုတာ ပြင်သစ်စကားပြောသူကို ဆိုလိုပါတယ်။  Francophonie  ကတော့ ပြင်သစ်စကားပြောသော လူပုဂ္ဂိုလ် အစုအဖွဲ့ (သို့) ပြင်သစ်စကားပြောသော နိုင်ငံများ အစုအဖွဲ့ကို ဆိုလိုတာ ဖြစ်ပါတယ်။  Francophonie  ကိုကမ္ဘာလုံးဆိုင်ရာ ပြင်သစ်စကားပြော နိုင်ငံများ အဖွဲ့အစည်း ( Organisation Internationale de la Francophonie, OIF ) ကို အတိုကောက် ခေါ်ဝေါ်တဲ့ စကားလုံးအဖြစ်လည်း သုံးပါတယ်။    OIF  နဲ့ မိတ်ဆက်ပေးရတဲ့ အကြောင်းကတော့ ပြင်သစ်ဘာသာစကားပြောသော နိုင်ငံတကာ အဖွဲ့အစည်း တစ်ခုအကြောင်းကို ပြင်သစ်စကားပြော သင်ကြားသူတိုင်း သိရှိထားသင့်တယ်လို့ ယူဆလို့ပါ။  OIF  ကို ၁၉၇၀ မတ်လ ၂၀ မှာ အာဖရိကတိုက်ရှိ နီဂါနိုင်ငံမှာ ယဉ်ကျေးမှုနှင့် နည်းပညာရပ်ဆိုင်ရာ အေဂျင်စီ ( Agence de coopération culturelle et Technique, ACCT ) အဖြစ် စတင် ဖွဲ့စည်းခဲ့တာပါ။ ယခုအချိန်မှာ နိုင်ငံတကာ အဖွဲ့အစည်းတစ်ခုအဖြစ် ကြီးထွားလာခဲ့ပြီး အမြဲတမ်းအဖွဲ့ ဝင်အဖြစ် ၅၄ နိုင်ငံ/ဒေသ (အရှေ့တောင်အာရှမှ လာအို၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်နို...
Bonjour / bɔ̃ˈʒur /  ကတော့ ပြင်သစ်တွေရဲ့  အသုံးအများဆုံး  နှုတ်ဆက်စကား ပါပဲ။ မြန်မာလိုဆို  မင်္ဂလာပါ ပေါ့လေ။  အဓိပ္ပါယ် အတိအကျကတော့  bon = ကောင်းသော jour = နေ့ ပါ။ နေ့တစ်နေ့ရဲ့ နေရောင်ရှိနေချိန် (အရုဏ်၊ နံနက်၊ နေ့လယ်၊ ညနေခင်း) တွေမှာ လမ်းသွားလမ်းလာ၊ သူငယ်ချင်း၊ မိတ်ဆွေ၊ ဆွေမျိုး၊ လူစိမ်း အကုန်လုံးကို နှုတ်ဆက်တဲ့အခါ ပြောဆိုတဲ့ စကားပါ။ နေဝင်ချိန် (ဆောင်းရာသီဆို ညနေ ၆နာရီလောက် နေဝင်ပြီး အခြားရာသီမှာတော့ ည၈နာရီလောက်မှ နေဝင်ပါတယ်) ရောက်သွားရင်တော့  Bonsoir  / bɔ̃ˈswar /  လို့ ပြောပါတယ်။  bon = ကောင်းသော soir = ညနေခင်း လို့ အဓိပ္ပါယ် ရပါတယ်။ ပြင်သစ်လူမျိုးတွေရဲ့ နှုတ်ခွန်းဆက် ယဉ်ကျေးမှုမှာ  Bonjour/Bonsoir ပြောခြင်းနဲ့အတူ လက်ဆွဲနှုတ်ဆက်ခြင်း  (သို့) ပါးချင်းအပ်ပြီး အနမ်းပေးခြင်း (faire la bise) ယဉ်ကျေးမှုလည်း ရှိပါတယ်။ လက်ဆွဲနှုတ်ဆက်တာကတော့ မိတ်ဆွေသစ်အချို့နဲ့ မိတ်ဖွဲ့ချိန်မှာ ယောကျာ်းအချင်းချင်းကြား (သို့) မိန်းမအချင်းချင်းကြား (သို့) မိန်းမနှင့် ယောကျာ်းကြား ပြုလုပ်ကြပါတယ်။  ပါးချင်းအပ် အနမ်းပေးခြင်း (la bise) ကို ဆွေမျိုး၊ မိ...