Skip to main content

 Francophonie အကြောင်း မပြောခင် francophone ကိုအရင် အဓိပ္ပါယ် ဖွင့်ဆိုချင်ပါတယ်။  ဆိုတာ ပြင်သစ်စကားပြောသူကို ဆိုလိုပါတယ်။ Francophonie ကတော့ ပြင်သစ်စကားပြောသော လူပုဂ္ဂိုလ် အစုအဖွဲ့ (သို့) ပြင်သစ်စကားပြောသော နိုင်ငံများ အစုအဖွဲ့ကို ဆိုလိုတာ ဖြစ်ပါတယ်။ Francophonie ကိုကမ္ဘာလုံးဆိုင်ရာ ပြင်သစ်စကားပြော နိုင်ငံများ အဖွဲ့အစည်း (Organisation Internationale de la Francophonie, OIF) ကို အတိုကောက် ခေါ်ဝေါ်တဲ့ စကားလုံးအဖြစ်လည်း သုံးပါတယ်။ 

 OIF နဲ့ မိတ်ဆက်ပေးရတဲ့ အကြောင်းကတော့ ပြင်သစ်ဘာသာစကားပြောသော နိုင်ငံတကာ အဖွဲ့အစည်း တစ်ခုအကြောင်းကို ပြင်သစ်စကားပြော သင်ကြားသူတိုင်း သိရှိထားသင့်တယ်လို့ ယူဆလို့ပါ။ OIF ကို ၁၉၇၀ မတ်လ ၂၀ မှာ အာဖရိကတိုက်ရှိ နီဂါနိုင်ငံမှာ ယဉ်ကျေးမှုနှင့် နည်းပညာရပ်ဆိုင်ရာ အေဂျင်စီ (Agence de coopération culturelle et Technique, ACCT) အဖြစ် စတင် ဖွဲ့စည်းခဲ့တာပါ။ ယခုအချိန်မှာ နိုင်ငံတကာ အဖွဲ့အစည်းတစ်ခုအဖြစ် ကြီးထွားလာခဲ့ပြီး အမြဲတမ်းအဖွဲ့ ဝင်အဖြစ် ၅၄ နိုင်ငံ/ဒေသ (အရှေ့တောင်အာရှမှ လာအို၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်နိုင်ငံတို့ ပါဝင်သည်) ၊ လေ့လာရေး အဖွဲ့ဝင်အဖြစ် ၂၇ နိုင်ငံ/ဒေသ နှင့် တွဲဖက်အဖွဲ့ဝင် ၇နိုင်ငံ/ဒေသ တို့ဖြင့် လှုပ်ရှား လည်ပတ်နေပြီဖြစ်ပါတယ်။ အဖွဲ့ဝင်နိုင်ငံ အတော်များများဟာ ပြင်သစ်စကားပြောသော ဥရောပနိုင်ငံများနှင့် အာဖရိကတိုက်ရှိ နိုင်ငံများ ဖြစ်ကြပါတယ်။ အဖွဲ့ အစည်းအတွက် ငွေကြေးဆိုင်ရာ အကူအညီကို ပြင်သစ်နှင့် ကနေဒါနိုင်ငံတို့မှ အဓိက ထောက်ကူထားပြီး ရုံးချုပ်ကတော့ ပါရီမှာ ရှိပါတယ်။ 

OIF ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ပြင်သစ်စကားပြော နိုင်ငံအချင်းချင်းကြား ဘာသာစကား၊ ယဉ်ကျေးမှုနှင့် သုတေသန ဆိုင်ရာ ကိစ္စရပ်များ၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များ၊ ပညာရေးဆိုင်ရာ ကိစ္စရပ်များနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ရန် ဖြစ်ပါတယ်။ ၏ သုတေသန အချက်အလက်များအရ ကမ္ဘာပေါ်တွင် ပြင်သစ်စကားပြောသူ အရေအတွက် သန်း ၃၀၀ ဝန်းကျင်၊ ပြင်သစ်စကားပြော သင်ကြားနေသူ သန်း ၁၃၀ ဝန်းကျင်၊ ကမ္ဘာပေါ်ရှိ ပြင်သစ်စကားပြောသူ စုစုပေါင်း၏ ၅၉ရာခိုင်နှုန်းမှာ  အာဖရိကတိုက်တွင် နေထိုင်သူများ ဖြစ်ကြောင်း၊  ပြင်သစ်စကားသည် ကမ္ဘာပေါ်တွင် ပဥ္စမ‌ မ‌ြောက် အသုံးပြုသူ အများဆုံး ဘာသာစကားဖြစ်ကြောင်းနှင့် အင်တာနက်ပေါ်တွင် စတုတ္ထမြောက် အသုံးအများဆုံး ဘာသာစကား ဖြစ်ကြောင်းတို့ကို သိရပါတယ်။ 

နှစ်စဉ်မတ်လ ၂၀ ရက်နေ့ကိုလည်း နိုင်ငံတကာ ပြင်သစ်စကားပြောသူများနေ့ အဖြစ် နိုင်ငံအရပ်ရပ်တွင် နှစ်စဉ်ကျင်းပလျက် ရှိပါတယ်။ 

ကိုးကား - https://www.francophonie.org/




Comments

Popular posts from this blog

တကယ်တော့ ပြင်သစ်ဟာ ရိုမန့် ဘာသာစကားတစ်ခု (Romance) ဖြစ်ပါတယ်။ ရိုမန့်ဆိုတာ ရှေးခေတ် ရိုမန်လူမျိုးတွေရဲ့  (Vulgar Latin) ဗျူဂါလက်တင်ဘာသာစကားကနေ ဆင်းသက်တဲ့ ဘာသာစကားအစုအဖွဲ့ကို ခေါ်တာပါ။ ပင်ရင်းမျိုးနွယ်ဖြစ်တဲ့ အင်ဒိုဥရောပဘာသာစကား မိသားစုထဲက အခွဲ မိသားစု တစ်ခုပါ။  အိုင်တယ်လစ် အခွဲ (Italic branch) ဟုလည်း ခေါ်ပြီး ရိုမန့် ဘာသာစကားအစုအဖွဲ့ထဲမှာ အီတာလျံ၊ ပြင်သစ်၊ စပိန်၊ ပေါ်တူဂီ၊ ရိုမေးနီးယား၊ ကက်တလန် (Catalan) စတဲ့ ဘာသာစကားတွေ အဓိက ပါဝင်ပါတယ်။  အင်္ဂလိပ်  ၊ ဂျာမန်၊ ရုရှတို့နဲ့ အခွဲမိသားစု မတူညီပါဘူး။  ရိုမန့်ဘာသာစကား အချင်းချင်းဟာ ဘာသာစကား သဘာဝချင်း အလွန်နီးကပ် ဆင်တူတာမို့ ပြင်သစ်ဘာသာ တတ်ကျွမ်းပါက စပိန်၊ ပေါ်တူဂီစတဲ့ ဘာသာစကားတွေကို သင်ယူဖို့ အလွန်လွယ်ကူသွားမှာ ဖြစ်ပါတယ်။  ပြင်သစ်ဘာသာစကားကို အချစ်ဘာသာစကား (Language of Love) ၊ ရိုမန်တစ်ဘာသာစကား (Romantic language)လို့ တစ်ချို့က ပြောကြပါတယ်။ ပြင်သစ်လူမျိုးတွေကိုယ်တိုင်လည်း ဘာအကြောင်းကြောင့် အဲလိုပြောမှန်း သေချာမသိကြပါဘူး။  Sociolinguist တစ်ယောက်ရဲ့ ရှုထောင့်အရတော့ ရှေးအခါက ဥရောပရှိ စစ်သည်တော်တွေအတွက် အချစ်ကဗျာ၊...
ရုပ်ရှင်၊ သတင်း၊ သီချင်း၊ ဇာတ်လမ်းတွဲ၊ Application၊ Social Media၊ Youtube Channels  ဘယ်ဟာ ပိုကောင်းလဲ ?? ဘာသာစကားတစ်ခု သင်ယူနေချိန်မှာ သက်ဆိုင်ရာ ဘာသာစကားနဲ့ဆိုင်တဲ့ ရုပ်ရှင်၊ သီချင်း၊ ဇာတ်လမ်းတွဲ၊ Application စတဲ့ အနုပညာခံစားမှုများ၊ နည်းပညာများမှတဆင့်  မသိစိတ်ကနေ အလိုအလျောက် ဘာသာစကား သင်ယူမှုဟာလည်း အထောက်အကူ ဖြစ်ပါတယ်။ အထူးသဖြင့် သက်ဆိုင်ရာ ဘာသာစကားကို ပြောဆိုနေတဲ့ နိုင်ငံ (သို့) ရပ်ဝန်းတစ်ခုအတွင်း သွားရောက်သင်ယူရန် မဖြစ်နိုင်သေးတဲ့ အခြေအနေမျိုးတွေမှာ ထိုသင်ထောက်ကူ နည်းလမ်းတွေဟာ ပိုမိုအရေးပါ ပါတယ်။  ဒါပေမယ့်လည်း ရွေးချယ်စရာများလွန်းတဲ့ သင်ယူမှုနည်းလမ်းတွေထဲက အကောင်းဆုံးကို သိရှိပြီး တစ်စိုက်မတ်မတ်လေ့လာသင်ယူမှု ပြုလုပ်တတ်ရန်လည်း အရေးကြီးပါတယ်။ ပြင်သစ်စကား ၁၀နှစ်နီးပါး သင်ကြားမှု အတွေ့အကြုံတွေအရ ဇာတ်လမ်းတွဲ ကြည့်ရှုခြင်းနဲ့ သတင်းနားထောင်ခြင်းတို့ဟာ အခြေခံအဆင့်ရော ကြားအဆင့် အတွက်ပါ အကောင်းဆုံး သင်ယူနည်းပါ။ ဝါကျတည်ဆောက်မှု ရိုးရှင်းပြီး တိကျပြတ်သားတဲ့ စကား ပြောဟန်နဲ့ တင်ဆက်ရလေ့ရှိတဲ့ သတင်း အစီအစဉ် တို့ကို နားထောင်ခြင်းကြောင့် အကြားစွမ်းရည် တိုးတက်နိုင်သလို  ဇာတ်လမ်းတွဲ...
Bonjour / bɔ̃ˈʒur /  ကတော့ ပြင်သစ်တွေရဲ့  အသုံးအများဆုံး  နှုတ်ဆက်စကား ပါပဲ။ မြန်မာလိုဆို  မင်္ဂလာပါ ပေါ့လေ။  အဓိပ္ပါယ် အတိအကျကတော့  bon = ကောင်းသော jour = နေ့ ပါ။ နေ့တစ်နေ့ရဲ့ နေရောင်ရှိနေချိန် (အရုဏ်၊ နံနက်၊ နေ့လယ်၊ ညနေခင်း) တွေမှာ လမ်းသွားလမ်းလာ၊ သူငယ်ချင်း၊ မိတ်ဆွေ၊ ဆွေမျိုး၊ လူစိမ်း အကုန်လုံးကို နှုတ်ဆက်တဲ့အခါ ပြောဆိုတဲ့ စကားပါ။ နေဝင်ချိန် (ဆောင်းရာသီဆို ညနေ ၆နာရီလောက် နေဝင်ပြီး အခြားရာသီမှာတော့ ည၈နာရီလောက်မှ နေဝင်ပါတယ်) ရောက်သွားရင်တော့  Bonsoir  / bɔ̃ˈswar /  လို့ ပြောပါတယ်။  bon = ကောင်းသော soir = ညနေခင်း လို့ အဓိပ္ပါယ် ရပါတယ်။ ပြင်သစ်လူမျိုးတွေရဲ့ နှုတ်ခွန်းဆက် ယဉ်ကျေးမှုမှာ  Bonjour/Bonsoir ပြောခြင်းနဲ့အတူ လက်ဆွဲနှုတ်ဆက်ခြင်း  (သို့) ပါးချင်းအပ်ပြီး အနမ်းပေးခြင်း (faire la bise) ယဉ်ကျေးမှုလည်း ရှိပါတယ်။ လက်ဆွဲနှုတ်ဆက်တာကတော့ မိတ်ဆွေသစ်အချို့နဲ့ မိတ်ဖွဲ့ချိန်မှာ ယောကျာ်းအချင်းချင်းကြား (သို့) မိန်းမအချင်းချင်းကြား (သို့) မိန်းမနှင့် ယောကျာ်းကြား ပြုလုပ်ကြပါတယ်။  ပါးချင်းအပ် အနမ်းပေးခြင်း (la bise) ကို ဆွေမျိုး၊ မိ...